Terminal M ရဲ့ Back to school အစီအစဉ်မှာ ‌အခမဲ့ဆွေးနွေးသွားပေးမယ့် Jessica Mozart

မေလ ၂၃ရက် ကို Terminal M ရဲ့ Promotion Area မှာ မေမေတို့အနေနဲ့ သားသားမီးမီး‌လေးတွေရဲ့ ကျောင်းစတတ်တဲ့နေ့မှာဘာတွေပြင်ဆင်ရမလဲ၊ဘာတွေသိထားသင့်လဲဆိုတဲ့ အကြောင်းအရာလေးတွေကို Jessica Mozart မှ အခမဲ့ ‌ဆွေးနွေးပြောကြားပေးမယ့် အစီစဉ်ကောင်းလေးတစ်ခုရှိပါတယ်။

Jessica Mozart ဟာ ကလေးငယ်တွေနဲ့ ပက်သက်ပြီး ဘယ်လိုလေ့ကျင့်ပြုစုပျိုးထောင်ရမလဲစတာတွေနဲ့ ပက်သက်ပြီး diploma ပေါင်းများစွာကိုရရှိထားတဲ့အပြင် မေမေတို့အတွက် ဗဟုသုတပေါင်းများစွာကို မျှဝေပေးနေတဲ့ social influencer မေမေတစ်ဦးဖြစ်ပါတယ်။ Jessica Mozart အနေနဲ့ Terminal M ရဲ့ Back To School ပွဲမှာအဓိကပြောကြားဆွေးနွေးသွားမှာတွေကတော့

– ကလေးများနဲ့ သူတို့အားသာတဲ့သင်ကြားရေးပုံစံများ

– ပထမဆုံးကျောင်းတက်ရက်မှာ ကျောင်းကိုလွယ်လွယ်ကူကူပို့နိုင်ဖို့ ပြင်ဆင်ရမယ့် အချက်များ

– ကလေးများနဲ့ “Bully-အနိုင်ကျင့်ခြင်း”အကြောင်းသိကောင်းစရာ

– ကလေး‌တွေကို စာလုပ်တဲ့ အလေ့အကျင့်ဖြစ်အောင် မေမေတွေအနေနဲ့ ဘယ်လိုတွေလုပ်ဆောင်သင့်လဲ

– စာလုပ်ချင်စိတ်ဖြစ်လာအောင် မေမေတွေအနေနဲ့ ဘယ်လို Motivation ပေးသင့်လဲ

– တချို့ကလေးငယ်တွေ စာသင်နိုင်ဖို့အခက်အခဲရှိတာ ဘာကြောင့်လဲ၊ ဘယ်လိုတွေ အကောင်းဆုံး သင်ကြားပေးနိုင်မလဲ စတာတွေကို ဆွေးနွေးပြောကြားပေးသွားမှာဖြစ်ပါတယ်။

မေမေတို့အတွက် သားသားမီးမီးလေးတွေရဲ့ ပညာရေးမှာ တစ်ဖက်တစ်လှမ်းက ထောက်ပံ့ပေးနိုင်ဖို့ ဒီလိုအကြောင်းရာတွေကို သိထားသင့်တာဖြစ်သလို ထပ်ပြီးသိချင်တဲ့ အကြောင်းအရာများကို မေး‌မြန်းလို့ရတာဖြစ်လို့ လာရောက်ခဲ့ကြဖို့ လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *