ရင်ခုန်ထူးခြား Terminal M ရဲ့ သီတင်းကျွတ်အစီအစဉ်များ

မကြာခင်သီတင်းကျွတ် အချိန်ခါသမယကိုရောက်ရှိတော့မှာဆိုတော့ Terminal M ရဲ့ သူငယ်ချင်းများအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်ကောင်းများစွာကိုပြုလုပ်ပေးဖို့ရှိနေပါတယ်။

အောက်တိုဘာ ၁ ရက် မှ ၂၆ ရက်ထိ ပြုလုပ်သွားမယ့် “သီတင်းကျွတ်ကောင်းမှု တို့အတူပြု” အစီအစဉ်

  • သီတင်းကျွတ်အချိန်ခါသမယတွင် လူကြီးမိဘများအား ဂါရဝပြုကြသည်နှင့်အညီ Terminal M ၏ ဈေးဝယ်သူများအတွက် ဈေးဝယ်ရင်း မိမိချစ်ခင်လေးစားရသူများကို သီတင်းကျွတ်ဂါရဝပြုနိုင်မည့် မွန်မြတ်သည့် အစီအစဉ် တစ်ခုအား Terminal M မှ ပြုလုပ်ပေးသွားမည်ဖြစ်သည်။
  • Terminal M ၏ “သီတင်းကျွတ်ကောင်းမှု တို့အတူပြု” အစီစဉ်သည် ဈေးဝယ်သူများ၏ မိဘ၊ ဆရာ နှင့် ချစ်ခင်လေးစားရသူ သုံးဦးထဲမှ မိမိဂါရဝပြုလိုသည့် သူတစ်ဦးအား Terminal M ဘက်မှ ဆက်သွယ်ကာ ဂါရဝလက်ဆောင်အဖြစ် ၁သိန်းကျပ်တန် Terminal M Gift Card အား ဈေးဝယ်သူများကိုယ်စားပေးပို့ပေးသွားမည့်အစီအစဉ်ဖြစ်ပါသည်။
  • “သီတင်းကျွတ်ကောင်းမှု တို့အတူပြု” အစီအစဉ်တွင် ပါဝင်လိုသူများသည် Terminal M တွင် အနည်းဆုံး ၃သောင်းဖိုး ဈေးဝယ်ထားသည့် Voucher များဖြင့် မိမိအမည်၊ သီတင်းကျွတ်တွင် မိမိဂါရဝပြုလိုသူ အမည်၊ ဖုန်းနံပါတ်နှင့် ဂါရဝပြုကြောင်း ရေးသားထားသည့်စာနှင့်အတူ မိဘ၊ ဆရာ နှင့် ချစ်ခင်ရသူ ပုံး (၃) ခုထဲမှ တစ်ခုထဲသို့ထည့်ရမည်ဖြစ်သည်။ 
  • “သီတင်းကျွတ်ကောင်းမှု တို့အတူပြု” အစီအစဉ်ကို အောက်တိုဘာလ (၁) ရက် မှ အောက်တိုဘာလ (၂၆) ရက်ထိပြုလုပ်သွားမှာဖြစ်ပြီး ဂါရဝပြုခံရသူ ၃ဦးအား အောက်တိုဘာလ (၂၇) ရက်နေ့ နေ့လည် ၁နာရီတွင် Terminal M Facebook Page မှ Live လွှင့်ကာ ရွေးချယ်ပေးသွားမှာဖြစ်ပါသည်။ 
  • ယခုအစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် အောက်ပါ စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်လိုအပ်ပါသည်။ 

စည်းမျဉ်းစည်းကမ်းများ

  • ၃သောင်းဖိုး ဈေးဝယ်ထားသည့် Voucher ဟုဆိုရာတွင် တစ်နေ့အတွင်း အသုံးပြုထားသည့် Voucherများသာလျှင် အကြုံးဝင်မည်ဖြစ်ပြီး Voucher များပေါင်းခွင့်မရှိပါ။ 
  • ဖျက်ရာပြင်ရာပါသော Voucher များနှင့် စုတ်ပြဲနေသော Voucher များ အကျုံးဝင်မည် မဟုတ်ပါ။ 
  • ဂါရဝလက်ဆောင် ပေးပို့မည့် ၁သိန်းကျပ်တန် Terminal M Gift Card အား ငွေသားဖြင့် လဲလှယ်ပေးမည်မဟုတ်ပါ။ 
  • အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Terminal M ၏ ဆုံးဖြတ်ချက်သာ အမှန်ဖြစ်သည်။ 

အောက်တိုဘာလ ၁၅ရက် မှ ၃၀ရက်ထိပြုလုပ်သွားမယ့် “မီးပုံးများနဲ့ ဆုတောင်းမယ်” အစီအစဉ်

  •   သီတင်းကျွတ်လပြည့်နေ့တွင် အလှဆင်လေ့ရှိသော မီးပုံးများကို အခြေခံကာ Terminal M တွင် “မီးပုံးများနဲ့ ဆုတောင်းမယ်” အစီအစဉ်ကို ပြုလုပ် သွားမည်ဖြစ်သည်။   
  • အမှတ်တရ အလှဓာတ်ပုံများရိုက်နိုင်စေရန် အောက်တိုဘာလ ၁၅ ရက်မှ အောက်တိုဘာလ ၃၀ရက်နေ့ထိ မီးပုံးချိတ်ဆွဲရန် “မီးပုံးများနဲ့ ဆုတောင်းမယ်” စင်ကိုထားရှိပေးမှာဖြစ်သည်။  
  • မီးပုံးများနဲ့ ဆုတောင်းမယ်” စင်တွင် ဆုတောင်းမီးပုံးများ ချိတ်ဆွဲလိုပါက Terminal M information ကောင်တာတွင် အနည်းဆုံး ၂၀,၀၀၀ ကျပ်အသုံးပြုထားသော Voucherပြကာ မီးပုံးတောင်းယူနိုင်ပါသည်။ (မီးပုံးအရေအတွက် အကန့်အသတ်ရှိသလောက်သာ) 

စည်းကမ်းချက်များ  

  • M Club Member ဝင်ထားသူဖြစ်ရမည်။ ( M Club Member မဝင်ထားသူဖြစ်ပါက Terminal M information တွင် တစ်ပါတည်း စာရင်းပေးသွင်းနိုင်သည်။)  
  • အနည်းဆုံး ၂၀,၀၀၀ ကျပ်အသုံးပြုထားရမည်ဖြစ်ပြီး ဖျက်ရာပြင်ရာပါသော Voucher များနှင့် စုတ်ပြဲနေသော Voucher များ အကျုံးဝင်မည် မဟုတ်ပါ။  
  • ရှိပါက Terminal M ၏ ဆုံးဖြတ်ချက်သည်သာ အမှန်ဖြစ်သည်။ 

Terminal M ရဲ့ သီတင်းကျွတ်မုန့်ဖိုး

  • သီတင်းကျွတ်အခါသမယတွင် မြန်မာလူမျိုးများ၏ မုန့်ဖိုးပေးကြသည့် ချစ်စရာဓလေ့အား အခြေခံပြီး Terminal M တွင်လာရောက်အပန်းဖြေဈေးဝယ်ကြသည့် ဈေးဝယ်သူများကို သီတင်းကျွတ်မုန့်ဖိုးပေးမည့် အစီအစဉ်အားပြုလုပ်သွားမည်ဖြစ်သည်။ 
  • “Terminal M ရဲ့ သီတင်းကျွတ်မုန့်ဖိုး” အစီအစဉ်ကို အောက်တိုဘာလ ၂၆ ရက်မှ ၂၉ ရက်ထိ (၄)ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်သည်။ 
  • Ground Floor ရှိ Redemption ကောင်တာ နားတွင် “Terminal M ရဲ့ သီတင်းကျွတ်မုန့်ဖိုး” Sticker များရှိမည်ဖြစ်ပြီး Sticker များအောက်တွင် မုန့်ဖိုးများကို ဖွက်ထားမည်ဖြစ်သည်။  
  • ပါဝင်လိုသူများအနေဖြင့် မုန့်ဖိုး sticker ကိုခွာပြီး  “Terminal M ရဲ့ သီတင်းကျွတ်မုန့်ဖိုး”အားကံစမ်းရန် အနည်းဆုံး ၂၀,၀၀၀ ကျပ်ဈေးဝယ်ထားသော voucher ပြကာ ကံစမ်းနိုင်မည်ဖြစ်သည်။ 

စည်းကမ်းချက်များ 

  • ပါဝင်လိုသူများသည် M Club တွင် Member ဝင်ထားပြီးသူများဖြစ်ရမည်။ ( M Club Member မဝင်ရသေးပါက Redemption ကောင်တာတွင် တစ်ပါတည်းစာရင်းပေးသွင်းနိုင်သည်။) 
  • လူတစ်ဦးလျှင် တစ်နေ့တွင် တစ်ကြိမ်သာကံစမ်းခွင့်ရမည်ဖြစ်သည်။  
  • မုန့်ဖိုးများသည် တစ်နေ့လျှင် အခု ၁၀၀ သာရှိမည်ဖြစ်ပြီး အရေအတွက် ကုန်ပါက နောက်တစ်နေ့မှသာ ကံစမ်းနိုင်မည်ဖြစ်သည်။ 
  • အငြင်းပွားမှုတစ်စုံတစ်ရာရှိပါက Terminal M ၏ ဆုံးဖြတ်ချက်သာ အမှန်ဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *