M Club ရဲ့ Iris နှင့် Tulip Member များအတွက် “အခမဲ့လေ့လာ ကော်ဖီ‌ဖျော်ခြင်းအနုပညာသင်တန်း”

M Club ရဲ့ Iris နှင့် Tulip Member များအတွက် “အခမဲ့လေ့လာ ကော်ဖီ‌ဖျော်ခြင်းအနုပညာသင်တန်း”

☕️Cafe’ ဆိုင်ကလိုမျိုး ကော်ဖီနံ့ မွှေးမွှေးလေးနဲ့ အရသာထိမိတဲ့ ကော်ဖီတစ်ခွက်ကို ကိုယ်တိုင်ဖျော်သောက်ချင်လား❓

☕️ကိုယ်ချစ်ရတဲ့သူကို ကော်ဖီကောင်းကောင်းလေး တစ်ခွက်ဖျော်တိုက်ချင်သလား❓

☕️မိတ်ဆွေ၊ သူငယ်ချင်းတွေ အိမ်လာလည်လို့ ကိုယ့်ရဲ့ကော်ဖီဖျော်တဲ့စကေးနဲ့ အစွမ်းပြဧည့်ခံပြီး ကြွယ်ချင်လား❓

ဒါဆိုရင်တော့…..Terminal M အပန်းဖြေဈေးဝယ်စင်တာကြီး နဲ့ နာမည်ကောင်းများစွာရထားတဲ့ Boke & Bee Coffee – ကော်ဖီ တို့ပူးပေါင်းပြီးပြုလုပ်မယ့် ကော်ဖီ‌ဖျော်ခြင်း အနုပညာဆိုတဲ့ သင်တန်းလေးရှိတယ်ဆိုတဲ့ သတင်းကောင်းလေးကိုပြောပြပါရစေ။ ဒီအစီအစဉ်ကတော့ ကော်ဖီ‌ဖျော်ခြင်း အနုပညာဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ရက်တာ ‌”အခမဲ့”သင်တန်းလေးတစ်ခုကို Terminal M က ပရိုမိုးရှင်းဧရိယာမှာ ပြု လုပ်သွားမှာပါ။ သင်တန်းကိုတော့ စက်တင်ဘာလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ပြုလုပ်သင်ကြားပေးမှာဖြစ်ပြီး တက်ရောက်ချင်တဲ့ Iris နှင့် Tulip Member များအနေနဲ့ ဒီလင့်ခ် (https://forms.gle/bqjWD75BSHHw5ehH9) မှာ ကြိုတင်စာရင်းပေးသွင်းလို့ရပါတယ်။

ဒီအစီအစဉ်က Iris နှင့် Tulip Member အတွက်သီးသန့်ဖြစ်တာကြောင့် M Club Member ဝင်တွေအနေနဲ့ ဒီလိုအစီစဉ်မှာဝင်ချင်တယ်ဆိုရင်တော့ ဈေးဝယ်တိုင်း level တွေတက်အောင် ပွိုင့်တွေစုဖို့ မမေ့နဲ့လို့မှာချင်ပါတယ်။ သင်တန်းတက်ရောက်နိုင်မယ့်သူတွေကိုတော့ စက်တင်ဘာလ ၁ ရက်နေ့မှာ ဆက်သွယ်ပေးမှာမို့ Iris နှင့် Tulip Member တွေအနေနဲ့ စာရင်းပေးရင်း စောင့်မျှော်နေကြဖို့ တိုက်တွန်းလိုက် ပါရစေ။

M Club မှာ ဈေး၀ယ်ပွိုင့်စု ဆုတွေခုချက်ချင်းယူကြမယ်။

Leave a Reply

Your email address will not be published. Required fields are marked *