ဈေးဝယ် ပွိုင့်စု ဆုတွေအခု ရမယ့် M Club

M Club ဆိုတာဘာလဲ?

M Club ဆိုတာကတော့ စျေး၀ယ်သူမိတ်ဆွေများအနေနဲ့ Terminal M မှာစျေး၀ယ်ရင်း၊ ပွိုင့်တွေစုရင်း မန်ဘာ အဆင့်တဆင့်ပြီးတဆင့်တက်လှမ်းပြီး စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်ဆုများကိုချက်ခြင်းရရှိနိုင်သလို မြန်မာ နှစ်ကူးချိန်မှာတော့ အထူးဆု Grand Prize ဆုကြီးကိုလည်းထပ်မံကံစမ်းရယူနိုင်မယ့် အစီအစဥ်တစ်ခုဖြစ်ပါ တယ်။ Terminal M မှာ စျေး၀ယ်လာသူများအားလုံးဟာ Terminal M ရဲ့ မိသားစုအဖွဲ့၀င်တွေချည်းပဲမို့ M club လို့ အမည်ပေးထားရခြင်း ဖြစ်ပါတယ်။

M Club မန်ဘာ ဖြစ်ဖို့ ဘာတွေလိုမလဲ?

Terminal M Leisure Mall အတွင်းမှာရှိတဲ့ မည်သည့်ဆိုင်မှာမဆို စျေး၀ယ်ယူပြီးတာနဲ့ အောက်ပါ ပွိုင့်စုဆောင်းရ မယ့်အစီအစဥ်အတိုင်း စုဆောင်းပြီး မန်ဘာအဖြစ်၀င်ရောက်နိုင်ပါတယ်။

M Club မှာ ပွိုင့်တွေ ဘယ်လိုစုဆောင်းရမလဲ?

M Club မှာ မန်ဘာ၀င်ပြီး ​​ပွိုင့်စုဆောင်းရင်းလက်ဆောင်ပစ္စည်းများနဲ့ အထူးဆုကြီးကိုကံစမ်းနိုင်မယ့် အခုအစီ အစဥ်မှာဆိုရင် အဓိက အဆင့် ၂ ဆင့် သတ်မှတ်ထားပါတယ်။

ပထမအဆင့် Point စုဆောင်းခြင်း

ပထမအဆင့် ပွိုင့်စုဆောင်းခြင်းကို   ဇူလိုင်လ (၁၂ ) ရက်နေ့  ၂၀၂၃ တွင် စတင်မည်ဖြစ်သည်။

စျေး၀ယ်သူလူကြီးမင်းများအနေဖြင့် သတ်မှတ်ထားသည့်ပွိုင့်အရေအတွက်အလိုက် အောက်ဖော်ပြပါ M Club member အဆင့်ဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး မန်ဘာအဆင့်တိုင်းအတွက် ဆုလက်ဆောင်များကို သတ်မှတ် အရေအတွက်အလျောက် ချက်ခြင်းထုတ်ယူနိုင်မည်ဖြစ်ပါသည်။

•            18 points             – Jasmin Member (Level 1)        လက်ဆောင် – keychain

•            30 points            – Rose Member (Level 2)             လက်ဆောင် – မတ်ခွက်

•            60 points            – Daisy Member (Level 3)          လက်ဆောင် – Thermal ဓာတ်ဘူး

အထူးမှတ်ချက်

  • ပထမဆင့်တွင်ပေးမည့် အထက်ပါဆုလက်ဆောင်များသည် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလကုန် အထိသာ မုတ်သုံကာလအထူးအစီအစဥ်အဖြစ်ပေးအပ်ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့ မှစတင် ကာ ဒုတိယအဆင့် (Lily, Orchid, Iris, Tulip member) သို့ရောက်ရှိမှသာလျှင် ၄င်းအဆင့်အတွက် သတ်မှတ်ထားသည့်ဆုလက်ဆောင်များကို ရရှိနိုင်မည်ဖြစ်ပါသည်။
  • သတိပြုရန်မှာ ပထမအဆင့် level 3 ခု (Jasmine, Rose, Daisy) သည် အထူးဆုအတွက်ကံစမ်းမဲ ticket များကို ရရှိနိုင်မည်အခွင့်အရေးမရှိသေးပါ။

ဒုတိယအဆင့် Point စုဆောင်းခြင်း

ဒုတိယအဆင့် ပွိုင့်စုဆောင်းခြင်းကို  သြဂုတ်လ (၁) ရက်နေ့  ၂၀၂၃ တွင် စတင်မည်ဖြစ်သည်။

ပထမအဆင့် ပွိုင့်စုဆောင်းခြင်းမှ Daisy Member (Level 3) အထိ Point စုဆောင်းပြီးသူများသည် ပွိုင့်များကို ဆက်လက်စုဆောင်းပြီး Lily Member (Level 4) သို့ ရောက်ရှိသည်နှင့်တပြိုင်နက် မြန်မာနှစ်ကူးချိန်တွင် ဖောက်ပေးမည့် Grand Prize အထူးဆုကြီးကိုကံစမ်းနိုင်မည့် ကံစမ်းမဲလက်မှတ်များကိုပါ စတင်ရရှိမည်ဖြစ် သည်။ ယခု ဒုတိယအဆင့်တွင် level 4 ခုရှိမည်ဖြစ်ပြီး Level တိုင်းအတွက်လည်း ပိုမိုစိတ်လှုပ်ရှားစရာကောင်း သည့် အဖိုးတန် ဆုလက်ဆောင်များကို သတ်မှတ်အရေအတွက်အတိုင်း ထပ်မံရယူနိုင်မည်ဖြစ်ပါသည်။

•            90 points         – Lily Member (Level 4)           (ကျပ် ၃၀,၀၀၀ နှင့်ညီမျှသော Gift Vouchers (၃) စောင်)

•            180 points       – Orchid Member (Level 5)      (ကျပ် ၆၀,၀၀၀ နှင့်ညီမျှသော Gift Vouchers (၆) စောင်)     

•            300 points       – Iris Member (Level 6)           (ကျပ် ၁၅၀,၀၀၀ နှင့်ညီမျှသော Gift Vouchers (၁၅) စောင်)   

•            600 points       – Tulip Member (Level 7)       (ကျပ် ၄၀၀,၀၀၀ နှင့်ညီမျှသော Gift Vouchers (၄၀) စောင်)

Grand Prize အထူးဆုကြီးအား Lily Member နှင့်အထက် ရရှိသူများသာ ပါဝင်ကံစမ်းခွင့်ရမည်ဖြစ်ပြီး ကံထူးရှင် ရွေးချယ်ပွဲကို ၂၀၂၄ ခုနှစ် April လ အတွင်း အခမ်းအနားဖြင့် ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

အထူးမှတ်ချက်

  • သြဂုတ်လ ၁ ရက်နေ့မတိုင်ခင် Lily member နှင့် အထက် ဖြစ်ရန် သတ်မှတ်ပွိုင့်အရေအတွက်ပြည့်မီ သွားသည့်သူများအနေဖြင့် ဒုတိယအဆင့်စတင်သည့် သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ သတ်မှတ်ထား သည့်လက်ဆောင်များနှင့် အထူးကံစမ်းမဲ ticket များကို လာရောက်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ၄င်း အတွက်လည်း Terminal M Facebook စာမျက်နှာနှင့် mall အတွင်းအသိပေးကြေငြာသွားမည်ဖြစ်ပါ သည်။ လက်ဆောင်အရေအတွက်မှာကန့်သတ်ချက်ရှိပါသဖြင့် မိတ်ဆွေစျေး၀ယ်သူများအနေဖြင့် အချိန် မီလာရောက်ထုတ်ယူရန်လိုအပ်ပါသည်။

စည်းကမ်းချက်များ

  • Terminal M အပန်းဖြေစျေးဝယ်စင်တာအတွင်း ဖွင့်လှစ်ထားသော မည်သည့်ဆိုင်ခန်းတွင်မဆို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်နေ့အတွင်း ငွေကျပ်နှစ်သောင်းဘိုးနှင့် အထက် ဝယ်ယူပါက မိမိဝယ်ယူထားသောပစ္စည်း၏ ငွေရှင်းပြေစာအားတောင်းယူ၍ Lower Ground ရှိ Redemption Counter နေရာတွင် ငွေကျပ်နှစ်သောင်းလျှင် သတ်မှတ်ပွိုင့် တစ်ပွိုင့်နှုန်းဖြင့် ပွိုင့်များ စတင်စုဆောင်းနိုင်မည် ဖြစ်ပါသည်။
  • ဘောက်ချာ တစောင်လျှင် အနည်းဆုံး ငွေကျပ် နှစ်သောင်းရှိရမည်ဖြစ်ပြီး နှစ်သောင်းပြည့်ရန် ဘောက် ချာများကိုပေါင်းခွင့်မရှိပါ။
  • Point of Sales System မှ ထွက်ရှိသော ငွေရှင်းပြေစာအား ပြသရမည်ဖြစ်ပြီး လက်ရေးမူဖြင့် ပေးအပ် သော ငွေရှင်းပြေစာဖြစ်ပါက ဆိုင်အမည်နှင့်တစ်ကွ ဆိုင်မှ ဝန်ထမ်း၏ လက်မှတ်ပါရှိရမည် ဖြစ်ပါသည်။
  • ငွေကျပ် နှစ်သောင်းဖိုး ပြည့်မှီခြင်းမရှိသော Voucher များ၊ ဖျက်ရာပြင်ရာပါသော Voucher များနှင့် စုတ်ပြဲနေသော Voucher များ အကျုံးဝင်မည် မဟုတ်ပါ။
  • ပွိုင့်မစုမီ M Club Member အဖြစ်ဝင်ရောက်ရန်လိုအပ်ပြီး မိမိ၏ အမည် မွေးသက္ကရာဇ် နှင့် ဖုန်းနံပါတ် များ ဖြည့်စွက်ကာ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။
  • Promotion Area များတွင် လာရောက်ဖွင့်လှစ်ရောင်းချနေသာဆိုင်များနှင့် Terminal M လေဟာ ပြင်ဈေး တွင် ဖွင့်လှစ်ရောင်းချနေသော ဆိုင်ခန်းများတွင် ဝယ်ယူထားသော voucher များဖြင့် ပွိုင့်များ လဲလှယ်ခွင့် မရှိပါ။
  • M Food Court, Prepaid Card အတွက် ဖြည့်သွင်းထားသော Voucher များဖြင့် ပွိုင့်များ လာရောက် လဲလှယ်ခြင်းအား ခွင့်မပြုပါ။
  • တစ်ရက်တာအတွင်းဝယ်ယူထားသော Voucher များကိုသာ ထိုနေ့အတွက် လာရောက် လဲလှယ်ခွင့် ရရှိမည်ဖြစ်ပြီး နေ့ရက်ကျော်မှ လာရောက်လဲလှယ်သော Voucher များအား ပွိုင့်လဲလှယ်ပေးခြင်း အစီအစဉ်တွင် ထည့်သွင်း စဉ်းစားပေးမည်မဟုတ်ပါ။
  • ယခုအစီအစဥ်တွင် Terminal M Center Management မှ တာဝန်ရှိသူများ နှင့် ဝန်ထမ်းများ၊ Terminal M တွင် ဖွင့်လှစ်ထားသော မည့်သည့်ဆိုင်ခန်းမှမဆို ဆိုင်ခန်းပိုင်ရှင်များ၊ ဆိုင်ခန်းမှ တာဝန်ရှိသူများ နှင့် ဝန်ထမ်းများ ပါဝင် ကံစမ်းခွင့်မရှိပါ။
  • ပွိုင့်အစီအစဥ်နှင့် ပတ်သက်၍ အငြင်းပွါးရာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက Terminal M အပန်းဖြေဈေး၀ယ်စင်တာ ၊ Centre Management ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *