Terminal M’s Thingyan Zay

🌿💦 မြူးကြွတဲ့တေးသံပျံ့လွှင့်လို့နေ

ကူးပြောင်းစ တန်ခူးလေမှာ . . .🌿💦

သင်္ကြန်ရောက်တော့မယ်ဆိုတော့ “သင်္ကြန်မိုး” သီချင်းသံလေးတွေ စကြားနေရပြီနော်

ဒီနှစ်သင်္ကြန်အတွက် ဘာတွေ ဘယ်လိုများစီစဥ်ထားကြသလဲ

သင်္ကြန်ကိုမျှော်နေကြတဲ့ သူငယ်ချင်းတို့အတွက် သင်္ကြန်မတိုင်ခင် လိုအပ်တာလေးတွေဝယ်ယူပြီး မုန့်စား၊ အပန်းဖြေဈေးဝယ်နိုင်ဖို့ Terminal M အပန်းဖြေစျေးဝယ်စင်တာရဲ့”သင်္ကြန်ဈေး” အစီအစဉ်လေးအကြောင်း သတင်းကောင်းပါချင်လို့ပါ . . .

လာမယ့် ဧပြီလ ၁ ရက် ကနေ ၉ ရက်နေ့အထိ Terminal M ရဲ့ ဂိတ်(၃) ဝင်‌ပေါက်ရှိ ကားပါကင်နေရာမှာ မော်လ်ဖွင့်လှစ်ချိန်အတိုင်း Terminal M ရဲ့”သင်္ကြန်ဈေး” ကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

စားသောက်ဆိုင်လေးတွေအပြင် ခရီးသွား/အိမ်ပြန်မယ့်သူတွေအတွက် လက်ဆောင်ဆိုင်လေးတွေနဲ့ သင်္ကြန်မှာဝတ်ဖို့ ဖက်ရှင်အလန်းစားတွေကို ရွေးချယ်ဝယ်ယူနိုင်မယ့် ဖက်ရှင်ဆိုင်ခန်များပါ ရှိနေမှာဖြစ်ပါတယ်။

ဒါ့အပြင် ထူးခြားတဲ့အစီအစဥ်လေးတွေအပြင် Terminal M ရဲ့ နှစ်စဥ် စတုဒီသာအစီအစဉ်တွေပါ ပြုလုပ်ပေးသွားဖို့ရှိပါသေးတယ်။ ဘယ်နေ့ ဘာတွေရှိနေမလဲဆိုတဲ့ အသေးစိတ်ကို Facebook Page မှာ ထပ်မံကြေညာပေးသွားမှာမို့ Favourites လုပ်ပြီး စောင့်မျှော်ပေးကြပါဦးနော် . . .

ဆိုတော့…. သင်္ကြန်မတိုင်ခင် လိုအပ်တာလေးတွေဝယ်၊ မုန့်စားမယ်၊ မော်လ်ကိုလာပြီး အပန်းဖြေမယ် ဆိုပြီး စဥ်းစားနေတယ်ဆိုရင်တော့ Terminal M ရဲ့ ” သင်္ကြန်ဈေး” ကိုအရောက်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Terminal M မှာ ဈေးဝယ်ရင်း အပန်းဖြေပါ

အမှတ် ၁၉၆၊ အမှတ် ၃ လမ်းမကြီးနှင့် ခရေပင်လမ်းဆုံ၊ အောင်မင်္ဂလာအဝေးပြေးဂိတ်အနီး၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

#TerminalMLeisureMall#ShopEatEnjoy#AlwaysGoodatTerminalM#ThingyanZay

Leave a Reply

Your email address will not be published. Required fields are marked *