Every Footstep Count

Terminal M မှာ လာရောက်စျေးဝယ်ရင်း ကိုယ့်ခြေလှမ်းလေးတွေနဲ့ နှစ်ဦးကုသိုလ်ယူနိုင်တယ်ဆိုတာ သိပါသလား?

Terminal M အပန်းဖြေစျေးဝယ်စင်တာကို ဖွင့်လှစ်ခဲ့တာ ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်မှာ (၁) နှစ်တိတိပြည့်ပြီဖြစ်ပါတယ်။ မနှစ်က ဒီလိုချိန်မှာ Terminal M “ဘယ်တော့ ဖွင့်မှာလဲ” “ဖွင့်ပါတော့ လာချင်လှပြီ” ဆိုတဲ့ ကွန်းမန့်တွေကို Terminal M ရဲ့ ပို့စ်တွေမှာ အများအပြား လက်ခံရရှိခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ Terminal M အပန်း‌ဖြေဈေးဝယ်စင်တာကြီး ဖွင့်လှစ်ချိန်မှာလည်း တခဲနက်လာရောက်ကြသလို (၁) နှစ်ပြည့်ချိန်တိုင်အောင် အစဉ်မပြတ်လာရောက်ခဲ့ကြတဲ့ ဈေးဝယ်သူတစ်ယောက်ချင်းစီတိုင်းကိုလည်း‌ကျေးဇူးတင်ကြောင်း‌ပြောကြားလိုပါတယ်။

(၁) နှစ်ဆိုတဲ့ အချိန်ကိုရောက်ရှိလာချိန်မှာ ထူးခြားမွန်မြတ်တဲ့ အစီအစဥ်ကောင်းလေး တစ်ခုအနေနဲ့ Terminal M ကိုလာရောက် အပန်းဖြေဈေးဝယ်သူများရဲ့ ခြေလှမ်းတိုင်းဟာ အလှူဖြစ်သွားစေမယ့် “ခြေလှမ်းတိုင်းဟာအလှူ” ဆိုတဲ့အစီအစဉ်လေးတစ်ခုကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ရဲ့ ခြေလှမ်းလေးတွေနဲ့ Terminal M ရဲ့ (၁) နှစ်ပြည့်အလှူမှာ ပါဝင်ချင်သူတွေအနေနဲ့

– Terminal M ကို အရင်ဆုံးရောက်အောင်လာရမှာဖြစ်ပါတယ်။

– ရောက်လာပြီဆိုရင်တော့ Terminal M Main Entrance ‌ရှေ့ဝင်ပေါက်နားမှာရှိတဲ့ “ခြေလှမ်းတိုင်းဟာအလှူ” ဆိုတဲ့ ဝင်ပေါက်လေးမှာ ဖြတ်လျှောက်ပေးရုံနဲ့ ခြေလှမ်းလေး လှူဒါန်းပြီး ဖြစ်သွားမှာပါ။

– ‌ခြေလှမ်းလေးများလှူဒါန်းသူများကို Terminal M မှ ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ အခမဲ့ အင်တာနက် ၂နာရီ အသုံးပြုခွင့် Password လေးတွေပေးသွားမှာဖြစ်ပါတယ်။ (Password လေးတွေကိုတော့ Information Counter မှာ ရယူနိုင်ပါတယ်နော်။)

ဒီ ခြေလှမ်းအလှူခံယူမှုလေးတွေကို ဖေ‌ဖော်ဝါရီလ ၂၅ ရက်ကနေ မတ်လ ၂၅ ရက်အထိ တလတိတိရယူသွားမှာဖြစ်ပြီး ရရှိလာတဲ့ ခြေလှမ်းအရေအတွက်ရဲ့ ၂ ဆကို Terminal M အနီးတစ်ဝိုက် မြို့ နယ်‌တွေမှာရှိတဲ့ အမှန်တကယ်လိုအပ် နေတဲ့‌ မိဘမဲ‌ဂေဟာများသို့ ဧပြီလ ၄ ရက် (တန်ခူးလပြည့်နေ့) တွင် မြန်မာနှစ်သစ်အကြိုအနေနဲ့ ‌သွားရောက် လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။

Terminal M မှာ ခြေလှမ်းလေးတွေလာရောက် လှူဒါန်းပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် မြန်မာနှစ်သစ်ကို ကြိုတဲ့အနေနဲ့ ကောင်းမှုကုသိုလ်တွေ အတူတူပြုလုပ်လိုက်ကြရအောင်နော် . . .

Leave a Reply

Your email address will not be published. Required fields are marked *