Terminal M မုတ်သုံပွဲမှာ “နောက်ဆုံးပိတ်အိတ်နဲ့လွယ်”

၂၇.၈.၂၀၂၂ နဲ့ ၂၈.၈.၂၀၂၂ ရက်တွေမှာ စျေးလာဝယ်သူတိုင်းအတွက် ပျော်ရမယ့် အစီအစဥ်လေးတစ်ခု

Terminal M မုတ်သုံပွဲနောက်ဆုံးနေ့ရက်လေးမှာ ”နောက်ဆုံးပိတ်အိတ်နဲ့လွယ်” နိုင်မယ့် ပျော်စရာအစီအစဉ်လေးတစ်ခုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Terminal M မုတ်သုံပွဲကို ဇွန်လ (၁) ရက်ကနေ စတင်ကျင်းပပြုလုပ်လာခဲ့တာ အခုဆို ပါဝင်ကံစမ်းနိုင်မယ့် အချိန်က “တစ်ပတ်” ပဲကျန်ပါတော့တယ်။ ဒီတော့ သြဂုတ်လရဲ့ နောက်ဆုံး စနေ၊ တနင်္ဂနွေ ဖြစ်တဲ့ ၂၇.၈.၂၀၂၂ နဲ့ ၂၈.၈.၂၀၂၂ ရက်တွေမှာ Terminal M အပန်းဖြေဈေးဝယ်စင်တာကိုလာပြီး မုတ်သုံကံစမ်းပွဲအတွက် ကံစမ်းမဲလတ်မှတ်တွေ လာရောက်လဲလှယ်သူတိုင်း “နောက်ဆုံးပိတ် အိတ်နဲ့လွယ်“ ဆိုတဲ့အတိုင်း ကံစမ်းမဲလက်မှတ်လဲရ၊ ချက်ခြင်းပေါက်ဆုမဲတွေလည်းနှိုက်လို့ရမယ် ပျော်စရာအစီအစဉ်လေး တစ်ခုကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ဘယ်လိုဆုလက်ဆောင်တွေကို ချက်ချင်းမဲနှိုက်ကံစမ်းနိုင်မှာလဲဆိုတော့ . . .

  • M Food Court မှာ ၅,၀၀၀ ကျပ်ဖိုးမုန့်စားလို့ရမယ့် Card များ၊ Pizza Maru ရဲ့ Buy 1 Get 1 Free ကူပွန်များ၊ Bonchon ကြက်ကြော်ဆိုင်ရဲ့ လျော့စျေးကူပွန်များ၊ Terminal M tote bag၊ မတ်ခွက်၊ တီရှပ်တွေအပါအဝင် အမှတ်တရလက်ဆောင်များစွာကို ချက်ချင်းလက်ငင်းကံထူးနိုင်မှာ‌နော်။

လာမယ့် စနေ၊ တနင်္ဂနွေ နှစ်ရက်ထဲမို့ မုတ်သုံကံစမ်းမဲလက်မှတ်ထုတ်ရင်း “နောက်ဆုံးပိတ်အိတ်နဲ့လွယ်’ မှာ ဆုတွေကြိုပြီး ကံလာစမ်းကြည့်လိုက်နော်။

စည်းမျဥ်းစည်းကမ်းများ

  • မုတ်သုံကံစမ်းမဲလက်မှတ်လာထုတ်ချိန် တစ်ဦးကို တရက်လျှင် တကြိမ်ကံစမ်းခွင့်ရှိမည်ဖြစ်ပါသည်။ မိမိတွင်ရှိသည့် မုတ်သုံကံစမ်းမဲလက်မှတ်အရေအတွက်နှင့်တိုက်ရိုက်အချိုးမကျပါ။
  • တနေ့တာသတ်မှတ်ထားသည့် ဆုကံစမ်းနိုင်သည့်အရေအတွက်ပြီးဆုံးပါက ကံစမ်းမဲဖောက်ခြင်းကိုရပ်နားမည်ဖြစ်ပါ သည်။
  • ချက်ခြင်းပေါက်ကံစမ်းမဲရက်မှာ လာမည့် စနေ နှင့်တနင်္ဂနွေ (၂၇.၉.၂၂ နှင့် ၂၈.၉.၂၂) နှစ်ရက်သာဖြစ်သည်။
  • အငြင်းပွားမှုတစ်စုံတရာဖြစ်ပေါ်ပါက Terminal M ၏အဆုံးအဖြတ်သာအတည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *