Doodle Art @ Artist Wall

Terminal M အပန်းဖြေဈေးဝယ်စင်တာရဲ့ ဒုတိယထပ်မှာရှိတဲ့ Artist Wall မှာ လက်စွမ်းပြချင်တဲ့ လူငယ် Artist တွေရဲ့ လျှောက်လွှာတွေ အများကြီးလက်ခံရရှိတဲ့အတွက် အရမ်းပဲဝမ်းသာကြည်နူးရပါတယ်။ ဖြစ်နိုင်ရင် လာလျှောက်သမျှ Artist တွေကို လက်ခံပေးချင်ပေမယ့်လည်း လက်ရှိရေးဆွဲနိုင်မယ့် Artist Wall နေရာ အကျယ်အဝန်းအတွက် လူငယ် Artist ၄ ဦးသာ ဝမ်းနည်းစွာပဲ ‌ရွေးချယ်ခဲ့ရပါတယ်။

အခုနံရံဟာ doodle လုပ်ဖို့ အဓိကရည်ရွယ်တာဖြစ်တဲ့အတွက် ယခင် doodle art ကိုအဓိကရေးဆွဲခဲ့တဲ့သူတွေထဲကမှ ရွေးချယ်စရာ portfolio စုံစုံလင်လင်နဲ့ လျှောက်ထားကြတဲ့ သူတွေထဲကနေ ခက်ခက်ခဲခဲ ဆုံးဖြတ်ရွေးချယ်ခဲ့ရပါတယ်။ ယခုအသုတ်မှာ အရွေးချယ်မခံရတဲ့ artist တွေအနေနဲ့လည်း စိတ်မကွက်ကြပါနဲ့ဦးလို့။ နောက်ထပ် Terminal M မှာ အလားတူ ပွဲလေးတွေ လူငယ် artist တွေနဲ့ လုပ်မှာတွေ အများကြီးရှိသေးတာမို့ stay in touch ပါနော်။

Terminal M နဲ့အတူတူ ကိုယ့်စိတ်ကြိုက် အနုပညာဖန်တီးပြီး အထူးဆု ငွေကျပ် ၁၀ သိန်း ပိုင်ဆိုင်နိုင်ခွင့်ကို စိန်ခေါ်မယ့် လူငယ် Artist ၄ ဦးကတော့ . . .

  1. ၁. မင်းသူ
  2. ၂. ကီးကီး
  3. ၃. မင်းဟိန်းကျော်
  4. ၄. ဇွန်မေ တို့ပဲဖြစ်ပါတယ်။

ညီလေး/ညီမလေးတို့ကို Terminal M က တိုက်ရိုက်ဖုန်းခေါ်ဆိုဆက်သွယ်ပြီး လိုအပ်တာတွေ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကဲ ဒီညီလေး/ ညီမလေးတွေနဲ့ အတူတူ Terminal M ရဲ့ Artist Wall အတွက် ဘယ်လို အမိုက်စားဖန်တီးမှုတွေ ပြုလုပ်သွားမှာလဲဆိုတာကို စောင့်မျှော်အားပေးကြပါဦးနော်။ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုချင်တယ်ဆိုတဲ့သူတွေအတွက် အသေးစိတ်အစီအစဉ်ကို ထပ်မံကြေညာပေးသွားမှာဖြစ်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်