ရန်ကုန်မြောက်ပိုင်း ဧရိယာအတွင်း ပထမဆုံးနှင့် အကြီးဆုံးသော နိုင်ငံတကာအဆင့်မီ အပန်းဖြေစရာ Shopping Mall ကြီး

ရန်ကုန်မြောက်ပိုင်းခရိုင်၏ ပထမဦးဆုံး နှင့် အကြီးဆုံးသော Terminal M Shopping Mall အား အမှန်တကယ်ထူးခြားသော ကုန်တိုက်အတွေ့အကြုံကို ပေးစွမ်းမည့် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဆုံရပ်တစ်ခု ဖြစ်ရမည်ဟု ရည်ရွယ်ထားပါသည်။ စတုရန်းပေ ၃၃၀၀၀၀ ကျယ်ဝန်းသော အထပ် ၄ ထပ်ရှိသည့် Terminal M Shopping Mall ကြီးတွင် Ocean, Pro 1 စသည့် ဈေးဝယ်သူတို့အကြိုက်လက်လီ‌အ‌ရောင်းဆိုင်ခွဲများ.. ကလေးကစားကွင်းကဲ့သို့သော ဖျော်ဖြေရေးနေရာများ၊ M FoodCourt နှင့် အခြားနာမည်ကြီးစားသောက်ဆိုင်ခန်းများ စသဖြင့် ဆိုင်ခန်းပေါင်း ၁၇၀ကျော်ပါရှိသည့်အတွက် လူကြီး လူငယ်မရွေး လာရောက်အပန်းဖြေနိုင်သော ကမ္ဘာ့အဆင့်မှီ ဈေးဝယ် စင်တာတစ်ခုဖြစ်လာစေရန် ဖန်တီးထားပါသည်။ ကား ၂၀၀ ကျော် တပြိုင်တည်း ရပ်ထားနိုင်အောင် ကျယ်ဝန်းသောကားပါကင် တည်ရှိသည့် Terminal M သည် ရပ်နီးရပ်ဝေးမှ လာရောက်လည်ပတ်ကြသော လူကြီးလူငယ် ကလေး များ အားလုံးအတွက် အဆင်အပြေဆုံးသော ဈေးဝယ်စင်တာတစ်ခုဖြစ်လာပါလိမ့်မည်။

ရန်ကုန်မြောက်ပိုင်း ဧရိယာအတွင်း ပထမဆုံးနှင့် အကြီးဆုံးသော နိုင်ငံတကာအဆင့်မီ အပန်းဖြေစရာ Shopping Mall ကြီး

Terminal M မှာ အားလုံးကောင်း - လိုသမျှအားလုံး တစ်နေရာထဲမှာ အဆင်ပြေပြေ ရနိုင်မယ့် စျေးဝယ် အပန်းဖြေစရာ နေရာ။

အမှတ် ၃ အဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိခြင်း၊ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက် စည်ကားလာနေသော နေရာဒေသဖြစ်ခြင်းနှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ပင်မ ဆက်သွယ်ရေးကွန်ယက်တွင် တစ်ခုအပါအဝင်ဖြစ်သည့် အောင်မင်္ဂလာ အဝေးပြေးကားဝန်းနှင့် နီးကပ်စွာ တည်ရှိနေခြင်းတို့က အကြီးစားလက်လီရောင်းချလိုသူများအတွက် အာမခံချက် ရှိရှိ ခိုင်မာသည့် စွဲဆောင်မှု တစ်ခုဖြစ်ပါလိမ့်မည်။ ခရီးသွားပြည်သူများ Terminal M သို့ အလွယ်တကူလာရောက်အနားယူနိုင်ရန် Terminal M နှင့် အောင်မင်္ဂလာ အဝေးပြေးကားဝန်းသို့ အခမဲ့စီးနိုင်သော Shuttel Bus များလည်း နေ့စဉ် စီစဉ်ပေးထားပါသည်။ စွယ်တော်အိမ်ယာ၊ မင်္ဂလာဒုံစက်မှုဇုန်၊ မင်္ဂလာဒုံဘူတာ နှင့် ထိုအနီးတဝိုက်ရှိ တက္ကသိုလ်များ မှ အလွယ်တကူလာရောက်နိုင်သော အကွာအဝေးတွင်တည်ရှိသည့်အတွက် Terminal M သို့ လမ်းလျှောက်၍ဖြစ်စေ ဘတ်စ်ကားနှင့်ဖြစ်စေ မီးရထားဖြင့်ဖြစ်စေ လွယ်ကူချောမွေ့အဆင်ပြေစွာ ရောက်ရှိအပန်းဖြေ နိုင်ပါသည်။

YBS Services to Terminal M
YBS – 17, 18, 32, 35, 36, 42

ရန်ကုန်မြို့တွင်းမှ လာရောက်ကြသူများအတွက်သာမက ဒေသအတွင်းနှင့် အောင်မင်္ဂလာ ကားဂိတ်မှ နိုင်ငံတဝှမ်းသွားလာကြသူများ၊ နေ့စဉ်ဖြတ်သန်းသွားလာနေသူများအတွက်လည်း ခရီးတထောက်အနားယူအပန်းဖြေနိုင်‌စေရန် ပေးစွမ်းထားနိုင်ခြင်းသည် Terminal M အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။

မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ ရွှေပြည်သာ၊ ရွှေပေါက်ကံနှင် လှိုင်သာယာ မြို့နယ်များအတွက် ဝေးဝေးလံလံ သွားစရာမလိုဘဲ အဆင်ပြေပြေ စျေးဝယ် အပန်းဖြေနိုင်မည့် အပြောင်းအလဲနေရာတစ်ခု ဖြစ်လာလိမ့်မည်ဟု Terminal M က ယုံကြည်ပါသည်။

  • 1.4 km - အောင်မင်္ဂလာ အဝေးပြေးကားဝင်း
  • ၁.၈ ကီလိုမီတာ - သီရိရတနာ လက်ကားစျေး
  • ၂.၄ ကီလိုမီတာ - ဆေးဝါးတက္ကသိုလ်
  • 3.1 km - မြောက်ဥက္ကလာပ မြို့နယ်
  • 3.8 km - သံလွင် နိုင်ငံတကာ စာသင်ကျောင်း
  • 4.9 km - အမှတ် (၂) ဆေးတက္ကသိုလ်
  • 7.1 km - ရန်ကုန် နိုင်ငံတကာ လေဆိပ်
  • 7.3 km - မင်္ဂလာဒုံ မြို့နယ်
  • 8.5 km - ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်