Terminal M မှာ မေမေနဲ့အတူ ဓာတ်ပုံရိုက်ပြီး Gift Voucher များကိုကံစမ်းလိုက်ပါ
မေလ ၁၄ရက် မိခင်များနေ့မှာ ချစ်ရတဲ့ “မေမေ”ကို လက်ဆောင်ပေးဖို့ Terminal M မှာ အပန်းဖြေဈေးဝယ်ရင်း Gift Voucher တွေကံစမ်းလို့ရနိုင်မယ့် အစီအစဉ်လေးကိုပြုလုပ်ပေးထားပါတယ်။ ဒီအစီစဉ်ကတော့ Terminal M မှာရှိတဲ့ Photobooth မှာ မေမေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ပြီးကံစမ်းရမှာပဲဖြစ်ပါတယ်။
ဘယ်လိုပါဝင်ရမလဲဆိုရင်တော့
- အရင်ဦးဆုံး Terminal M ကို မေမေနဲ့ အတူတူလာရမှာဖြစ်ပြီး “ကျေးဇူးပါမေမေ” ဆိုတဲ့ Photobooth မှာ အတူတူအမှတ်တရ ဓာတ်ပုံရိုက်ရမှာဖြစ်ပါတယ်။
- ဓာတ်ပုံရိုက်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာမှာ Public နဲ့တင်ရပါမယ်။
- တင်ပြီးရင်တော့ ကိုယ်တင်ထားတဲ့ ပိုစ့်ကို Screenshot ရိုက်ပြီး ယခုပိုစ့်အောက်မှာ မေမေ့ကိုပြောချင်တဲ့ ကျေးဇူးတင်စကားလေးနဲ့အတူ Comment ပေးရမှာဖြစ်ပါတယ်။
- ပါဝင်သူများထဲမှာမှ
💗 Like အများဆုံးနဲ့ မေ့မေ့ကိုကျေးဇူးတင်ကြောင်း အကောင်းဆုံးရေးနိုင်သူကို Gift Voucher 50,000၊
💗 မေမေ့ကိုကျေးဇူးတင်ကြောင်းမရေးမိပေမယ့် Like အများဆုံးရရှိသူကို Gift Voucher 30,000၊
💗 Like အများကြီးမရပေမယ့် မေ့မေ့ကိုကျေးဇူးတင်ကြောင်း အကောင်းဆုံးရေးနိုင်သူကို Gift Voucher 10,000 ပေးသွားမှာပဲဖြစ်ပါတယ်။ - “ကျေးဇူးပါမေမေ” ဓာတ်ပုံပြိုင်ပွဲကာလကတော့ မေလ ၅ ရက်မှ မေလ၂၁ ရက် ထိပြုလုပ်သွားမှာဖြစ်ပြီး ကံထူးသူများကိုတော့ မေလ ၂၂ ရက်မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းအနေနဲ့ကတော့
- Terminal M ရှိ “ကျေးဇူးပါမေမေ” ဆိုသည့် Photobooth တွင်ရိုက်ထားသည့်ပုံနှင့်သာာ ပါဝင်ရမှာဖြစ်ပြီး မေမေနှင့် အတူရိုက်ထားသည့် ပုံသာဖြစ်ရပါမည်။
- ကောမန့်တွင် Like အများဆုံးဖြစ်သော်လည်း မိမိ၏ကိုယ်ပိုင် Facebook ပင်မစာမျက်နှာတွင် Public မတင်ထားသော Post များအား ထည့်သွင်းစဉ်းစားသွားမည် မဟုတ်ပါ။
- အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက Terminal M ၏ ဆုံးဖြတ်ချက်သည်သာ အမှန်ဖြစ်သည်။
Terminal M မှာ ဈေးဝယ်ရင်း အပန်းဖြေပါ
အမှတ် ၁၉၆၊ အမှတ် ၃ လမ်းမကြီးနှင့် ခရေပင်လမ်းဆုံ၊ အောင်မင်္ဂလာအဝေးပြေးဂိတ်အနီး၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။